Mingalarpar! (မင်္ဂလာပါ)

မြန်မာ အစီအစဥ်မှ

လှိုက်လှဲစွာ ကြိုဆိုပါသည်

တနင်္ဂနွေ ညနေ ၂း၀၀ နာရီ မြန်မာ အစီအစဥ်တွင်

  • ဘုရားကျောင်းသည် Green street လမ်းမပေါ်တွင် တည်ရှိပြီး တွန်းလှည်းများ အလယ်တကူ သွားလို့ရပါသည်။

  • လ၏ ပထမအပါတ်တိုင်းတွင် ၂း၀၀ မြန်မာအစီအစဥ် မရှိဘဲ မနက် ၁၀:၃၀ တွင် ပင်မအသင်းတော်နှင့် ပေါင်း၍ ဝတ်ပြုကိုးကွယ်ခြင်းရှိပါသည်။

  • အစီအစဥ်မတိုင်မီ သုံးဆောင်ရန် ကော်ဖီ ၊ လက်ဘက်ရည်များ တည်ခင်းထားပြီး လ၏ နောက်ဆုံးပါတ်များတွင်လည်း အတူတကွ မိဿဟာယ ဖွဲ့စားသောက်ခြင်းများရှိပါသည်။

  • ချီးမွမ်းကိုးကွယ်ခြင်း၊ သက်သေခံခြင်း၊ ဆုတောင်းခြင်း၊ တရားဒေသနာ ဝေငှခြင်းများ ရှိပြီး ကလေးသူများအတွက် သီးသန့်အခန်းတွင် ကျမ်းစာသင်ပေးခြင်း များလည်းရှိပါသည်။

ကလေးသူငယ်များ

  • ချီးမွမ်းကိုးကွယ်ခြင်းအပြီးတွင် ဆရာမများနှင့် အနောက်ခန်းတွင် ကျမ်းစာသင်ခြင်း၊ သီချင်း သီဆိုချီးမွမ်းခြင်း၊ သင်ကြားသည့် သင်ခန်းစာနှင့် ကိုက်ညီသော craft activity မျာ ပြုလုပ်ဆောင်ရွက်ကြသည်။

  • နေ့ထူးနေ့မြတ်များအတွက် အကသင်ခြင်း၊ ပြဇတ်သင်ခြင်းများလည်း ရှိတတ်ပါသည်။

Week day အစီအစဥ်များ

  • လ၏ ပထမအပါတ် သောကြာမှ လွဲ၍ သောကြာနေ့တိုင်းတွင် Home Cell ရှိပါသည်။ အသင်းတော်မိသားစုများ အိမ်တွင် တစ်ပါတ် တစ်လှည့်စီ ဝတ်ပြုခြင်းရှိသည်။ ံ

  • လ၏ ပထမပါတ် စနေနေ့ မနက် ၆:၀၀ နာရီတိုင်းတွင် အာရုဏ်ဦး ဆုတောင်းခြင်း အစီအစဥ်ရှိပါသည်။